Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပုဇွန်ဈေးနှုန်းများသိသိသာသာတက်

Powered by Drupal

      ထားဝယ်မြို့အတွင်း အလှူအတန်းရာသီစပြီဖြစ်သည့်အတွက်ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိရာ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး ပုဇွန်ထုတ်များကို ငါးဒိုင်များမှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစတုထ္တပတ်တွင် ထားဝယ်မြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများအနေဖြင့် လက္ကားဈေး (၁)ပိဿာလျှင်(၆၉၀၀၀)ကျပ်၊ လက်လီဈေး(၁)ပိဿာလျှင်(၆၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ပုဇွန်ထုတ်ဈေးနှုန်းသိသိသာသာတက်လာသော်လည်း ဝယ်ယူသူများလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)