Main menu

ထားဝယ်မြို့ရှိ ဆလပ်ရွက်ဈေးနှုန်း/ဈေးကွက်

Powered by Drupal

      ထားဝယ်မြို့နယ်အတွင်း ဆလပ်ရွက်များကို မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် တောင်မင်း ပြောင်ကျေးရွာ၊ နခံတောကျေးရွာနှင့် သပြေချောင်းကျေးရွာများမှ အဓိကတင်ပို့လျက်ရှိပြီး ဒေသထွက် ဟင်းသီးဟင်းရွက်များအဖြစ် စားသုံးသူများက နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရှိရသည်။ မိုးရာသီကုန်ခါနီးဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ဒေသထွက်ထုတ်ကုန်များဖြစ်သည့်အတွက် ဈေးနှုန်းအတန်အသင့် သက်သာမှုရှိကြောင်း၊ ထားဝယ်မြို့ရှိကမ်းနားဈေးတွင် ဆလပ်ရွက်တစ်စည်းလျှင် (၈၀၀) ကျပ်မှ (၉၀၀) ကျပ် အထိရှိကြောင်း သိရှိရပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)