
ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်တွင် ၊ အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန် တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။
တတိုင်းမွှေးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် မြေကျင်းတူးစိုက်ပျိုးရသော နှစ်ရှည်အပင်တစ်မျိုးဖြစ် ပြီး တတိုင်းမွှေးပင်သည် အပူပိုင်းနှင့်သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်ပြီး တတိုင်းမွှေးပင်သည် နှစ်(၁၀၀) သက်တမ်းအထိ ရှင်သန်နိုင်ကြောင်း၊တတိုင်းမွေးပင်များသည် အပင်မျိုးစိတ်ပေါ်မူတည်၍ အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ အဝါရောင် ခရမ်းရောင်၊ နှင့် ကြက်သွေးရောင်ဟူ၍ အမျိုးမျိုးရှိကြပြီး ယခုချိန်တွင် တတိုင်းမွှေးပျိုးပင် ဈေးနှုန်းများမှာ တတိုင်းမွှေးပျိုးပင် တစ်ပင်လျှင်(၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး လူအများကအနံ့ရောအပင်ကိုကြိုက်ကြကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)
