Main menu

မြိတ်မြို့ပေါ်ရှိ Hass ထောပတ်ဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ် အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊ စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိရာမှ Hass မျိုး ထောပတ်သီးသည်လည်း လူကြိုက်များလျက်ရှိသည်။ ဗီတာမင်နှင့် အဆီဓာတ်များ ပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ရှမ်းပြည်နယ်မှ တင်သွင်းလာသော Hass မျိုး ထောပတ်သီးကို မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေး၊ ကမ်းနားလမ်း ဈေးတန်းတစ်လျှောက် သီရိမင်္ဂလာဈေးတို့တွင် ရောင်းချလျက်ရှိသည်။

     ယခင်အောက်တိုလတွင် ထောပတ်သီး ၁ကီလိုလျှင် (၇၀၀၀)ကျပ်  ရောင်းချလျက်ရှိရာမှ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် Hass ထောပတ်သီး ၁ကီလိုလျှင် (၆၀၀၀) ကျပ်သို့ ဈေးကျဆင်းသွားကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)