Main menu

 ကျွန်းလှမြို့မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက် ဈေးနှုန်း

Powered by Drupal

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့်ရေချိုပုဇွန်ဆိတ်ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

       ပုဇွန်ဆိတ်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ဆိတ်ဖြစ်ပြီး ပုဇွန်ဆိတ်ကို ဆကာဖြင့် အကောင်အကြီး /အသေး ခွဲခြားပြီး အကောင်အကြီး အသေး ပေါ်မူတည်၍ ဈေးများလဲကွာခြားသွားပါသည်။

      ၂၀၂၅ ခုနှစ် ၊  အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ (၂၃၀၀၀) ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်း များအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင် (၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်  အလတ် နို့ဆီ(၁)ဘူး လျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၃၀၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချိုပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)