
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုပ်သီး ခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသ ထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေ သောငရုပ်သီးခြောက်ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီး မှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
