
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချ ကြောင်း၊ အောင်ပန်းသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
