
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများစိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ အောက်တိုဘာလနောက် ဆုံးပတ်အတွင်း ထောပတ်ပဲ(၁) ပြည်လျှင် (၁၃၀၀၀)ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် (၁၆၃၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ရာသီစာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)
