Main menu

ပြည်မြို့တွင် ရောင်းချနေသော လိမ္မော်သီးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးရောင်းချသည့်  ဆိုင်များတွင် လိမ္မော်သီးများရောင်းချနေကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်း ရှင်းပြီး အချိုဓါတ်ရရှိ၍ အရည်ရွှမ်းသည်။ ဗီတာမင် C ဓါတ်ရရှိသောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော်သည် ဗီတာမင်များစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်သောကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

      ယခုအောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချနေသော ပျားလိမ္မော်သီး ဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ (၁)ပိသာလျှင် (၂၄၀၀၀)ကျပ် တို့ဖြင့် ရောင်းချနေကြောင်း သိရသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်၊ တောင်ကြီးရှိ လိမ္မော်ခြံ များနှင့် ကုန်သည်များဆီမှ တစ်ဆင့် ဝယ်ယူ၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

DOCA (ပဲခူး)