
သစ်တော်သီးသည်မိုးရာသီကာလသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိ တွေ့ရပါသည်။ သစ်တော်သီးကို အရောင်အသွေးနှင့် ပုံသဏ္ဍာန်တို့ ပေါ်မူတည်၍ ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အာရှသစ်တော်သီးသည် အရွယ်အစားမကြီးမားပဲ လုံးဝန်းကာ အပေါ်ယံ အခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးများကမူ မှည့်လာ သည်နှင့်အမျှ တဖြေးဖြေးပျော့ ပျောင်းလာပြီး အရည်ရွှမ်းလာကြပါသည်။ မြန်မာနိုင်ငံတွင် သစ်တော်သီးကို သရေစာ အချိုပွဲအနေဖြင့်စားသုံးလေ့ရှိပါသည်။ သစ်တော်သီးသည် မိုးလယ်မှစ၍ ဆောင်းဦးရာသီစာ သစ်သီး ဖြစ်သည့်အလျောက်မိုးအေး၊ ဆောင်းအေးသောရာသီဥတု များတွင်ဖြစ် တက်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက် ချိုချိုချဉ်ချဉ် သစ်တော်သီးစားခြင်းသည် ဘေးဥပါဒ်လုံးဝမှ မရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်တော်သီးဈေးနှုန်းများအနေဖြင့် အလတ်စား တစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ အကြီး တစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်ထိ ရောင်းချကြောင်း သိရှိပါသည်။
DOCA (ပဲခူး)
