
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ကျေးရွာများဖြစ်ကြသော မှော်ဇာ၊ သန္ဓပင်၊ တောင်လုံးညိုကျေးရွာများတွင် ဂန္ဓမာပန်းများကို အများအပြားစိုက်ပျိုးကြသည်။ ဂန္ဓမာပန်းတွင် အမျိုးကွဲပေါင်းများစွာရှိပြီး ပန်းပွင့်ပုံစံ၊ အရွယ်အစားပေါ်မူတည်ပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါ သည်။ ပြည်ဒေသတွင် ခေါ်ဝေါ်သော ဂန္ဓမာပန်းများစွာထဲမှ ဂန္ဓမာစံပါယ်ဖြူ၊ ဂန္ဓမာစံပါယ်ဝါ၊ ဂန္ဓမာဗူဖောင်းမျိုးများကို စိုက်ပျိုးရောင်းချကြသည်။ ပြည်မြို့၊ ဈေးကွက်များအပြင် အနီးအနားရှိ ကျေးရွာများသို့လည်း ရောင်းချကြောင်းသိရသည်။
ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခင်နှစ်ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၂၀၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာ ယခုနှစ် အောက်တိုဘာလတွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၄၀၀၀-၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။
DOCA (ပဲခူး)
