Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေဈေးနှုန်းအခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် အောက်တိုဘာလ တတိယပတ်၌ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၁၀၀၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၂၂၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ တီဆူပါ(may) (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၂၈၈၀၀)ကျပ်၊ ပုလဲ(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၁၀၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၁၀၀၀)ကျပ် ဖြစ်ပါသည်။

      ကျိုင်းတုံမြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၁၈၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၂၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၂၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၉၉၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၀၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၀၆၀၀)ကျပ် ဖြစ်ပါသည်။

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်လထက် အနည်းငယ် မြင့်တက်လျက်ရှိပြီး ဘိလပ်မြေဈေးနှုန်းများမှာ ယခင်လထက် အနည်းငယ်ကျဆင်းလျက်ရှိသည်ကို သိရှိရပါသည်။

DOCA(ရှမ်း)