
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ် လျှင်(၂၅၀)ကျပ်၊ ကျွဲကောသီး ဈေးနှုန်းများမှာ ကျွဲကောသီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
