Main menu

ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ရေးအားကောင်းရန် ဗီယက်နမ်နှင့် ဆော်ဒီအာရေဗီးယားကြိုးပမ်း

Powered by Drupal

          ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် Nguyen Chi Dung သည် ဗီယက်နမ်-ဆော်ဒီအာရေဗီးယား ရင်းနှီးမြှုပ်နှံမှုစားပွဲဝိုင်း ဆွေးနွေးပွဲကို ၎င်း၏ဆော်ဒီအာရေဗီးယားသို့ အလုပ်သဘောခရီးစဉ်အတွင်း ရီယတ်မြို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်း အနားကို ဗီယက်နမ်နှင့် ဆော်ဒီအာရေဗီးယားမှ တာဝန်ရှိသူများ၊ ဗီယက်နမ်ကုမ္ပဏီဒါဇင်ပေါင်းများစွာမှ တာဝန်ရှိသူများနှင့် ဆော်ဒီလုပ်ငန်း ၃၀ နီးပါးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါသည်။ တက်ရောက်သူများသည် ပြည့်ဖြိုးမြဲစွမ်းအင်၊ ဘဏ္ဍာရေးနှင့် ဘဏ်စနစ်၊ အိမ်ရာမြေ၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများနှင့် နည်းပညာမြင့်စိုက်ပျိုးမွေးမြူရေးတို့ပါဝင်သည့် များစွာသောကဏ္ဍများမှဖြစ်ကြောင်း သိရပါသည်။ Dung က ဗီယက်နမ်သည် အားကောင်းသောဘက်ပေါင်းစုံ ပြန်လည်ဖွဲ့စည်းမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး အရှေ့တောင်အာရှတွင် ဆွဲ‌ဆောင်မှုအားအကောင်း ဆုံးရင်းနှီးမြှုပ်နှံမှုဦးတည်ရာ တစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ပတ်သတ်၍ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့၏ အားကောင်းသောနိုင်ငံရေးချိတ်ဆက်မှုနှင့်အတူ ဆော်ဒီရင်းနှီးမြှုပ်နှံသူများအတွက် အားကောင်းသောအလားအလာကိုပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းများအား အခွင့်အလမ်းသစ်များရှာဖွေရန်နှင့် မိတ်ဖက်ဖွဲ့မှုများတိုးချဲ့ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Dung ကဆော်ဒီအာရေဗီးယားအား ဗီယက်နမ်အတွက် အရှေ့တောင်အာရှသို့ဝင်ရောက်ရန် ဂိတ်ပေါက်တစ်ခုဖြစ်ပြီး ဗီယက်နမ်သည်လည်း ဆော်ဒီရင်းနှီးမြှုပ်နှံသူများ အာဆီယံဈေးကွက် သို့ဝင်ရောက်ရန် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန်အတွက် Dung က များစွာသောစီမံချက်များကို အဆိုပြုခဲ့ကြောင်း သိရပါသည်။ ပထမဆုံးအနေဖြင့် နှစ်ဖက်စလုံးသည် စီးပွားရေးချိတ်ဆက်မှုကို အရှိန်မြှင့်တင်ရန် အထူးသဖြင့် အဓိကစီးပွားရေးအချက်အချာများကိုချိတ်ဆက်ရန် တိုက်ရိုက်လေကြောင်းလိုင်းများတည် ထောင်ရန်ဖြစ်နိုင်ချေကိုလေ့လာရန်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယ အချက်အနေဖြင့် ဗီယက်နမ်နှင့် ဆော်ဒီသည် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရန် အထူးသဖြင့် ဗီယက်နမ်၏စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် ပင်လယ်စာတင်သွင်းမှုမြှင့်တင်ပေးရန်ဖြစ်ကြောင်း သိရပါသည်။ တတိယအချက်အနေဖြင့်နှစ်နိုင်ငံသည်ပြည်ဖြိုးမြဲစွမ်းအင်တွင် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရန်ဖြစ်ပြီး ဆော်ဒီလုပ်ငန်းများအား ဗီယက်နမ်ရှိ ဆိုလာ၊ လေ၊ အစိမ်းရောင်ဟိုက်ဒရိုဂျင်နှင့် စွမ်းအင်သိုလှောင်မှုစီမံကိန်းများတွင် ပါဝင်ရန်ဖြစ်ကြောင်း သိရပါသည်။ စတုတ္ထအချက်အနေဖြင့် Dung ကဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား သိပ္ပံနှင့် နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စမတ်မြို့တော်များနှင့် ဘဏ္ဍာရေးစင်တာများနှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များပါဝင်သော စီးပွားရေးမော်ဒယ်သစ်များ အစရှိသည့် ၂ ဖက်စလုံးကအားသာချက်ရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ပဉ္စမ အချက်အနေဖြင့် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီးဖြစ်သည့် ဆော်ဒီလုပ်ငန်းများအား ကျယ်ပြန့်သောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများမှာ လတ်တလောနှစ်များအတွင်း သိသာစွာတိုးတက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ အကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)