
ရုံးပတီသီးသည် အာဖရိကတိုက်နှင့် အာရှတိုက်ဟုယူဆရသည် ၁၂-၁၃ရာစုနှစ်လောက်တွင် အီဂျစ်လူမျိုးများ စတင်စားသုံးသော အသီးတစ်မျိုးဖြစ်သည်။ ရုံးပတီသီးသည် အပင်အနိမ့်အမြင့် အသီးပုံသဏ္ဍာန်တို့အပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားကြသည်။ ပင်မြင့်မျိုး၊ပင်လတ်မျိုး၊ပင်ပုမျိုးဟူ၍အသီး တွင် အမြှောင်းပါမျိုး၊ အသီးအချောမျိုး ၊အသီးတွင်ဆူးပါမျိုး၊အသီးစိမ်းမျိုး စသည့်ဖြင့်ကွဲပြားကြသည်။ ရုံးပတီသီးသည် အသင့်အတင့် ကောင်းသောမြေတွင် ဖြစ်ထွန်းသည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးပါက မြေဩဇာများများကျွေးရန် လိုသည် ။ ဖွယ်သော မြေကိုပိုမိုကြိုက်နှစ်သက်သည်။ ရုံးပတီသီးသည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။ မြေပြုပြင်ချိန်တွင် နွားချေးများများထည့်ပေးရမည်။ ရုံးပတီသီးစေ့ကို မစိုက်မီ (၁၂) နာရီခန့် ရေစိမ်ရမည်။ ရေစိမ်လျှင် မျိုးစေ့ထုထည်၏ ၅ဆရှိသောရေဖြင့် ရေလဲပေးရန်မလိုပါ။ ရုံးပတီသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ပေါင်းမြက်ကင်းစင်ရန်ဂရုစိုက်ရပါမည်။ အစိုဓာက်လုံလောက်ပြီး ရောဂါကင်းရန်အရေးကြီးပါသည်။ အပင်ငယ်စဉ် ပေါင်း ကင်းစင်ရန် ဂရုစိုက်ရပါမည်။ ရုံးပတီသည် ရေငတ်ဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသော်လည်း အစိုဓာတ် ထိန်းသိမ်းနိုင်ရန်နှင့် အားကောင်းသော မြေတွင် စိုက်ပျိုးလျှင် အထွက်နှုန်းပိုမို ကောင်းစေ ပါသည်။ ပန်းပွင့်ပြီးတစ်ပတ်ခန့်အကြာ ဆွပ်ခူးပေးပါမည်။ ရာသီပူပြင်းပါကအရင့်မြန်သောကြောင့် နေ့စဉ်ဆွတ်ခူးပေးရပါမည်။ ရုံးပတီသီးကို ဟင်းချက်ရာတွင်၎င်း၊အတို့အမြှုတ်စား ရာတွင်၎င်း၊ အစိမ်းစားရာတွင်လည်း အသုံးပြုရပါသည်။ အချို့နိုင်ငံများတွင် ရုံးပတီသီးကို ဆားရည်စိမ်၍ စားသုံး ကြပါသည်။ ရုံးပတီသီးကို စားသုံးပေးခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးမှာ အချွဲဓာက်ရှိသော အသီး ဖြစ်သောကြောင့် အချို့သောရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်ပါသည်။
DOCA(ဧရာဝတီ)
