
ဗီယက်နမ်နှင့် မက္ကဆီကိုတို့သည် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးတွင် အောင်မြင်မှုကို ထိန်းသိမ်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ခြင်း၊ အခက်ခဲများကို ဖြေရှင်းရန်အတွက် လက်တွေ့ကျသောဖြေရှင်းချက်များနှင့် ဦးတည်ချက်အသစ်များကိုရှာဖွေခြင်းနှင့် ထိုမှတစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးအားကောင်းရန်အတွက် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သောအခြေအနေများကို ဖန်တီးခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုသဘောတူညီ ချက်ကို ၃၆ ကြိမ်မြောက် APEC Ministerial Meeting အတွင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien နှင့် မက္ကဆီကိုစီးပွားရေးအတွင်းရေးမှူး Marcelo Ebrard Casaubon တို့အကြား သီးခြားအစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် CPTPP ကဲ့သို့သောဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်များအတွင်းညှိနှိုင်း ဆွေးနွေးရန်အတွက် စီမံချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ဗီယက်နမ်နှင့် မက္ကဆီကိုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၏ အရေးပါမှုကို ပြန်လည်အတည်ပြုခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေးသည် လတ်တလောနှစ်များအတွင်း ကြီးထွားမှုအားကောင်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပြပါသည်။၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ ( ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၁.၈ ရာခိုင်နှုန်းမြင့်တက်)နှင့် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ ( ၂၀၂၄ ခုနှစ်ပထမ ၉ လနှင့်နှိုင်းယှဉ်ပါက ၂၄.၂ ရာခိုင် နှုန်းမြင့်တက်)ခဲ့ကြောင်း သိရပါသည်။ မက္ကဆီကိုသည် လတ်တလောတွင် လတ်တင်အမေရိကရှိ ဗီယက်နမ်၏ ဒုတိယမြောက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ဗီယက်နမ်သည် မက္ကဆီကို၏ အာရှတွင် ၈ ခုမြောက်အကြီးမားဆုံးစီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ဗီယက်နမ်-မက္ကဆီကိုစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးတွဲ ကော်မတီ တတိအကြိမ်မြောက်အစည်းအဝေးကို အကောင်အထည်ဖော်ရန်၊ စီးပွားရေးလုပ်ငန်းချင်းချိတ်ဆက်မှု ဆက်လက်အရှိန်မြှင့်တင်ရန်နှင့် တစ်နိုင်ငံတွင် ကျင်းပသည့်ကုန်သွယ်မှုမြှင့်တင်ရေး ပွဲအခမ်းအနားများတွင် တစ်နိုင်ငံကပါဝင်ဆင်နွှဲရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ Dien ကမက္ကဆီကိုအား ဗီယက်နမ်စတီလ်းတင်ပို့သူများ ရင်ဆိုင်နေရသည့် အတားအဆီးများကို ဖယ်ရှားပေးရန် အဆိုပြုခဲ့ပြီး Ebrard ကလည်း ထိုအဆိုပြုချက်ကို သဘောတူခဲ့ကာ နှစ်ဖက်စလုံးသည် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများရရှိရန်အတွက် သတင်းအချက်အလက်များဖလှယ်ရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
