
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူ များနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် ဂေါ်ရ ခါးသီးနှင့် သခွားသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေး နှုန်းများမှာ အလုံးကြီး(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံး လျှင်(၃၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ ကယခု နိုဝင်ဘာလအတွင်း ဂေါ်ရခါးသီးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ဂေါ်ရခါး သီးနှင့် သခွားသီးတို့ကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူအသုံးပြု လျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)
