Main menu

ကန့်ဘလူမြို့နယ်၌ မြေအောက်ရေတင်စနစ်ဖြင့် ကျောက်ဖရုံသီးစိုက်ပျိုး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

          ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး ()လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့ ထုတ်ယူလိုပါက ပန်းပွင့်ပြီး (၆၅)ရက်ကျော်မှ ခူးဆွတ်သင့်ကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည် အထားခံသည့်အပြင် ဆေးဘက်ဝင်အသီးဖြစ်သည့်အတွက် အိမ်များ၌ဆောင်ထားလေ့ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်း ကွာခြားလေ့ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လပထမပတ်အတွင်း အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ()စိတ်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)