Main menu

ကန့်ဘလူမြို့မဈေးရှိ  ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း/ဈေးကွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိပြီး မုန့်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြကြောင်း၊ အိမ်ရှင်မများနှင့် စားသောက်ဆိုင်များက ဝယ်ယူအ သုံးပြုလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၅၂၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ တို့ဖြင့်ရောင်းချကြောင်း၊ ဘဲဥ(၁)လုံးလျှင် (၆၈၀)ကျပ်နှင့် ငုံးဥ(၇)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥဈေးနှုန်းများကျဆင်းလာကြောင်း လက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)