Main menu

တန်ဆောင်းမုန်းလဂန္ဓမာပန်းစျေးကွက်

Powered by Drupal

          မန္တလေးပန်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လှျက်ရှိပြီး၊တန်ဆောင် မုန်းလအခါသမယတွင် အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ရသော ဂန္ဓမာပန်း အမည် များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ် အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူ တစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျှက် ရှိကြောင်း မန္တလေးမြို့၊ သိရီမာ လာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)