
တန်ဆောင်မုန်းလရာသီချိန်ဖြစ်သည့်အတွက် သခွားမွှေးသီးမှာစျေးကွက်အတွင်း ဝင်ရောက် မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီး သီးနှံမှာ ပြည်ပ သို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီး စိုက်ပျိုးမှု(၁၃၀၀)ဧကကျော် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် အတွင်း သခွားမွှေးသီးစျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး (ရှည်) ၃၀၀၀ကျပ်နှင့် ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ တန်ဆောင်မုန်းကာလ အခါသမယ အတွင်း မန္တလေး စျေးကွက်တွင် သခွားမွှေးသီးများ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
