Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် အောက်တိုဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအတွင်း လုပ်ငန်းရှင် ၆၇ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၂၀ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၇၃ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၉၉ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ပိုလန်နှင့် ဘူဂေးရီးယား နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် သိပ္ပံ၊ နှမ်းနက်ရိုးရိုး၊ နှမ်းညို၊ နှမ်းဖြူ၊ မတ်ပဲ၊ ပဲလွန်း၊ ပဲစဉ်းငုံဖြူ၊ ပဲထောပတ်၊ ပဲပိစပ်ဖတ်၊ ပဲယင်းနီ၊ မတ်ပဲအခွံချွတ်ခွဲခြမ်း၊ မတ်ပဲအခွံချွတ်နှင့် ဘိုကိတ်ပဲတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ် ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကို  ဓာတ်ခွဲစမ်းသပ် ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၉၁ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၀ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၃၆၇ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၂၆ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၅ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၄၉၉ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။