Main menu

ငပုတောမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများ ဒေသတွင်းဈေးကွက်၌ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေလျက်ရှိ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ငပုတောမြို့နယ်မှ ထွက်ရှိသော   ခရမ်းသီးများ ဒေသတွင်း ဈေးကွက်၌  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်၌ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ   များထံမှ သိရှိရပါသည်။ ငပုတောမြို့နယ်၌  ယခုနှစ် သြဂုတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ခရမ်းသီးများ ဝယ်လိုအားကောင်းကာ အရောင်းအဝယ် ကောင်းမွန်နေပြီး တစ်ရက်လျှင် ခရမ်းသီး အလုံး ၄၀၀၀၀ မှ ၅၅၀၀၀အထိ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ 

“ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ဒီနှစ်ခရမ်းသီးတွေက   အရည်အသွေးကောင်းမွန်သလို    အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ လက်ရှိ ခရမ်း အဝိုင်းသီးရော     အရှည်သီးပါ အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဒေသထွက် ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းလာတော့  စိုက်ပျိုးသူတွေ စီးပွားရေး အဆင်ပြေလာပါတယ်” ဟု စိုက်ပျိုးသူများနှင့် ရောင်းချသူများ၏ ပြောစကားများအရ သိရှိ ရပါသည်။

   အဆိုပါဒေသထွက်ခရမ်းသီးအပါအဝင်    တခြားကုန်စိမ်းများကို    ကျောင်းကုန်း ဈေးကွက်အပြင် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့သို့လည်း တင်ပို့ ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)