
ရွှေဖရုံညွှန့်သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိစေသော ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်သည်။ ရွှေဖရုံညွန့်တွင် ခန္ဓာကိုယ်အတွက် လိုအပ် သော ဗီတာမင်နှင့် သတ္တူဓာတ်များစွာပါဝင်ကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်စီနှင့် သံဓာတ်များပါဝင်သောကြောင့် ကိုယ်ခံ အားကိုကောင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးသောကြောင့် ဆီးချိုရောဂါရှိသူများစားသုံးသင့်ကြောင်း၊ သွေးတွင်းအဆိပ်အတောက် ဖြစ်၍ အဖျားရောဂါရှိပါက ရွှေဖရုံညွန့်ကိုစားပေးရကြောင်း၊ ကိုယ်ခန္ဓာအတွက် ဗီတာမင်ဘီ6 အားနည်းလာ ပါက အဆစ်ရောင်နာ၊ အဆစ်နာကျင်ခြင်းနှင့် ကြွက်သားကိုက်ခဲခြင်းများဖြစ်ပါက သက်သာပျောက် ကင်းကြောင်း၊ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးနှင့်သွားများ ကိုသန်မာကြံ့ခိုင် စေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အူလမ်းကြောင်းလှုပ်ရှား မှုများကို ကောင်းစေပြီး ဝမ်းပျော့ပျော့သွားစေကာ အူကြွက်သားများကို ကျုံ့ဆန့်အားကောင်း စေသလို ဝမ်းမှန်စေ၍ လိပ်ခေါင်းရောဂါကိုကာကွယ်ပေးကြောင်း၊ ကယ်ဆီယမ်နှင့် ဗီတာမင်D ဓာတ်များပါဝင်သောကြောင့် မေးရိုးတွေကိုသန်မာစေ၍ သွားတွေကိုခိုင်မာစေပြီး အပေါ်ယံ ကြွေလွှာများကိုမပျက်စီးအောင် ကာကွယ်ပေးကြောင်း၊ ရွှေဖရုံရွက်တွင် Copper ဓာတ်ပါဝင် သောကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေး ကြောင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသောကြောင့် အရေးအကြောင်းဖြစ်ခြင်း၊ အသက်အရွယ်ကြောင့် အရေပြားတွင် အမဲစက်များဖြစ်ခြင်းနှင့် အရေပြားလျော့တွဲခြင်းများကိုသက်သာပြီး ကြွက်သားအားကောင်းစေကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်တွင်းဓာတ်တိုးပစ္စည်းနှင့် အဆိပ်အတောက်များကို အထိရောက်ဆုံးဖယ်ရှားပေး၍ အသာအရေ ထိခိုက်ပျက်စီးမှု မရှိအောင်ကာကွယ်ပေးပြီး အသားအရေ နူးညံ့စေ၍ အသားအရေခြောက်သွေ့ ခြင်းမှကာကွယ်ပြီး အရေပြားအတွက်အာဟာရဖြည့်ပေးကြောင်း စသည့်အကျိုး ကျေးဇူးများ ရှိခြင်းကြောင့် အသားအရေကြည်လင်တောက်ပသော ရွှေဖရုံညွန့်များကို စားသုံးသင့်ကြောင်းသိရှိရသည်။ မြင်းခြံမြို့ရှိ အေးမြသီတာဈေး၌ ရွှေဖရုံညွန့် ၂၅ ကျပ်သားလျှင် (၁၅၀၀)ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်းသိရှိရသည်။
DOCA(မန္တလေး)
