Main menu

တရုတ်တိုင်ပေသို့ Arabica ကော်ဖီ ၁၀ တန်တင်ပို့ခဲ့သည့် အရှေ့ဂျာဗား

Powered by Drupal

          အရှေ့ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Khofifah Indar Parawansa က အင်ဒိုနီးရှားနိုင်ငံ Bondowoso ခရိုင်မှ Java ljen Raung အမျိုးအစား Arabica ကော်ဖီကို တရုတ်တိုင်ပေသို့ စတင် တင်ပို့သည့်အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်‌နေ့က တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Khofifah က ကော်ဖီသည်အထူးကောင်းမွန်သောအရသာပိုင်ဆိုင်ထားသည့် Java Ljen Raung Arabica ကော်ဖီဖြစ်ကြောင်းနှင့် သာမန်ကော်ဖီမဟုတ်ပဲ Bondowoso ရှိစိုက်ပျိုးရေးသမားများ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mount ljen နှင့် Mount Raung ဧရိယာများရှိ အသေးစားစိုက်ပျိုးသူများထံမှ Arabica ကော်ဖီသည် Java ljen Raung အမည်အောက်တွင် Geographical Indication (GI) အသိအမှတ်ပြုလက်မှတ်ရရှိပြီး ဖြစ်ကြောင်းသိရပါသည်။ Khofifah က တင်ပို့မှုသည် Bongowoso ခရိုင်၏ Arabica ကော်ဖီ၏ အထူးအရည်အသွေးကိုရောင်ပြန်ဟပ်ကြောင်း၊ ခရိုင်သည်ကာလကြာရှည်ကော်ဖီတင်ပို့လျက်ရှိသော်လည်း ယခုတင်ပို့မှုသည် အရည်အသွေးမြင့်ကော်ဖီများဖြစ်ကြောင်း၊ ကော်ဖီအရည်အသွေး ဆက်လက်တိုးတက်မည်ယုံကြည်ပြီး ယခုတင်ပို့မှုသည် စိုက်ပျိုးရေးသမားများအား အရည်အသွေးနှင့် ထုတ်လုပ်နိုင်စွမ်းတို့ကိုမြှင့်တင်ရန် စိတ်ခွန်အားပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ထိုနှစ်ချက် အောင်မြင်ပါက ခရိုင်ကော်ဖီစိုက်ပျိုးသူများ၏ လူမှုဖူလုံရေးသိသာ ထင်ရှားစွာမြင့်တက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အထူးအရည်အသွေးရှိသော Arabica ကော်ဖီကိုများစွာသော အဆင့်များမှတစ်ဆင့် ပြုပြင်ထုတ်လုပ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)