Main menu

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုသည် ပထမသုံးလပတ်တွင် ၇.၆ ရာခိုင်နှုန်း တိုးတက်

Powered by Drupal

              တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုသည် ယခုနှစ်၏ ပထမသုံးလပတ်အတွင်း တည်ငြိမ်သောတိုးတက်မှုနှုန်းကို ထိန်းသိမ်းထားခဲ့ပြီး စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်များမှာ ယွမ် ၅.၉၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃၈ ဘီလီယံ ခန့်) ရောက်ရှိခဲ့ရာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၆ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ဝန်ကြီးဌာန၏ အချက်အလက်များအရ ဝန်ဆောင်မှုပို့ကုန်များမှာ ယွမ် ၂.၆ ထရီလီယံကျော် အထိ ၁၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်များမှာ ယွမ် ၃.၃၃ ထရီလီယံ‌ကျော်အထိ ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုကုန်သွယ်မှု လိုငွေပြမှုသည် ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၂၃၈.၂၄ ဘီလီယံ အထိ ကျဉ်းမြောင်းလာခဲ့ပါသည်။

          ပညာရေးဝန်ဆောင်မှုများမှာ ဆက်လက်တိုးတက်လျက်ရှိပြီး သွင်းကုန်နှင့် ပို့ကုန်စုစုပေါင်း ယွမ် ၂.၂၇ ထရီလီယံ ခန့်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ခရီးသွားဝန်ဆောင်မှုကုန်သွယ်မှု စုစုပေါင်း ယွမ် ၁.၆၄ ထရီလီယံ နီးပါးရှိပြီး ယခင်နှစ်ကထက် ၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အထူးသဖြင့် ခရီးသွားဝန်ဆောင်မှု ပို့ကုန်များသည် အဆိုပါကာလအတွင်း ၅၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)