ပြည်မြို့အတွင်းရှိ ဈေးကွက်များသို့ ရေချိုငါးသလောက်များ ရန်ကုန်ဘက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများက အဝယ်ရှိသလို လက်လီ ဝယ်ယူစားသုံး သူများကလည်း ဝယ်ယူလျက်ရှိပါသည်။ ပြည်မြို့အနီးအနားရှိ ချောင်းများမှ ရရှိသော ငါးသလောက် ပေါက်များလည်း ဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိပြီး ကြော်စား၊ ပေါင်းစားသည့် စားသုံးသူများက ဝယ်ယူလျက်ရှိသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ငါးသလောက် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ် ၊ ငါးသလောက်ပေါက် တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့မှဝင်ရောက်လာသော ငါးသလောက် အရွယ် အစားမှာ စားသုံးသူတို့ နှစ်သက်သော အရွယ်အစားဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)