Main menu

ထားဝယ်မြို့ ကန်ဇွန်းရွက် စျေးနှုန်း/စျေးကွက်

Powered by Drupal

      ထားဝယ်မြို့အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး  ထားဝယ်မြို့ကမ်းနားဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် အားကောင်းလျက်ရှိကြောင်း သိရသည်။  ၂၀၂၅ ခုနှစ်၊ ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ထားဝယ် မြို့၊ ကမ်းနားဈေးနှင့် အခြားရပ်ကွက်စျေးများတွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)