Main menu

ထားဝယ်မြို့စျေးကွက်အတွင်း ကြက်သွန်ဖြူစျေးနှုန်းအနည်ငယ်ကျဆင်း

Powered by Drupal

     စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၉၅၀၀)မှ (၁၀၀၀၀) ကျပ်သို့ လည်းကောင်း၊ (ကြူဂုတ်) တစ်ပိဿလျှင် (၁၄၀၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်သို့ ကျဆင်းလာကြောင်း သိရှိရပါသည်။

       အောက်တိုဘာနှင့်ယခုနိုဝင်ဘာလအတွင်း စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူတစ် ပိဿာလျှင် (၁၀၀၀) ကျပ်မျှအနည်းငယ် မြင့်တက်လာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေး အတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)