Main menu

ပြည်မြေပဲဆန်ဈေး အနည်းငယ်ကျဆင်းလာ

Powered by Drupal

     ပြည်ဈေးကွက်၌ အောက်တိုဘာလတတိယပတ်တွင် မြေပဲဆန်ဈေးများ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ မြန်အောင်၊ ကြံခင်းနှင့် ပြည်- အောင်လံကြားရှိ ကျေးရွာများမှ ဝင်ရောက်မှု ရှိသော်လည်း တစ်နေ့လျှင် အိတ် ၁၅၀ခန့် သာ ဝင်ရောက်မှုရှိသောကြောင့်  အဝင်နည်းလာကြောင်း တွေ့ရှိရပါသည်။ လုံးဆန်ကို ယိုးဒယားသို့ တင်ပို့ရန်ဝယ်လက်များက အနည်းငယ်သာဝယ်ယူမှုရှိသလို မြို့တွင်း ဆီစက်သမားများကလည်း ဆီကြိတ်ရန်ဝယ်ယူရှိသော်လည်း ဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ယခုအပတ် မြေပဲဆန်ဈေးများမှာ ဆီဆန်တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြစ်၍ အောက်တိုဘာလဆန်းနှင့် နှိုင်းယှဉ်လျှင် (၅၀၀)ကျပ် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန် (အနီ)တစ်ပိဿာလျှင် ၅၇၀၀ကျပ် ၊ ဆီဆန်(အဖြူ) တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ယခင် အောက်တိုဘာလဆန်းထက်စာလျှင် တစ်ပိဿာလျှင် ၁၅၀-၃၀၀ကျပ်ခန့် ဈေးကျလာခဲ့ပါသည်။ မြေပဲဆန်ဈေးများကျဆင်းခြင်းကြောင့် တစ်နေ့လျှင် အိတ် ၁၀၀ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)