
စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှု အခြေ အနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။
ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်လဘာပထမပတ်အတွင်း 92 တစ်လီတာ (၂၈၄၀)၊ 95 တစ်လီတာ(၂၉၃၅)ကျပ်၊ ဒီဇယ် ရိုးရိုးတစ်လီတာ(၂၅၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ (၃၁၂၅)ကျပ်ဖြစ်ပြီး ယခင်ပတ်နှင့် နှိုင်းယှဥ်ပါက 92 တစ်လီတာ (၃၅)ကျပ်၊ 95 တစ်လီတာ(၄၀)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ (၇၅)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ (၉၀)ကျပ် မြင့်တက်သွားကြောင်းသိရှိရပြီး စက်သုံးဆီများ ဆီပြတ် လပ်မှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိပါသည်။
DOCA(တနင်္သာရီ)
