
ထားဝယ်မြို့ဈေးကွက်တွင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ပန်းဂေါ်ဖီမှာ အဝင်ပုံမှန်၊ အရောင်း အဝယ်ပုံမှန်ဖြင့် ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်သည်၊ ပန်းဂေါ်ဖီမှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ အများဆုံးဝင်ရောက်ပြီး ယခုအခါ ပုပ္ပါးနယ်မှလည်း ဝင်ရောက်ကြောင်း သိရသည်။ ဝင်ရောက်လာသော ကုန်စိမ်းအများစုမှာ ထားဝယ်မြို့ရှိ ကမ်းနားစျေးများ၊စည်ပင်သာယာစျေးကြီး များတွင် ရောင်းချကြပါသည်။ ပန်းဂေါ်ဖီ ဈေးနှုန်း အနေဖြင့် အပွင့်အကြီး/အသေးပေါ်မှုတည်၍ တစ်ပွင့်လျှင် (၁၅၀၀-၂၀၀၀-၃၀၀၀) ကျပ် ဈေးများဖြင့် လက်လီပြည်လည်ရောင်းချကြကြောင်း ဈေးကွက်မှ သိရသည်။ ပန်းဂေါ်ဖီမှာ မိသားစုနေ့စဉ် စားသုံးသော ဟင်းလျာများတွင် စားသုံးမှုအပြင် စားသောက်ဆိုင် ဟိုတယ်များကလည်း ဝယ်လိုအားများသည့်အတွက် ဈေးကောင်းရသော ကုန်စိမ်း သီးနှံတစ်မျိုး ဖြစ်သည်။
DOCA(တနင်္သာရီ)
