
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စားသုံးသူရေးရာ ဦးစီး ဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက် အခြေ အနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက် စောင့်ကြည့်ခဲ့ပါသည်။ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50 kg တစ်အိတ်လျှင် ၂၂၀၀၀/ကျပ်၊ ALPHA 50 kg တစ်အိတ်လျှင် ၂၁၅၀၀/ကျပ် အိမ်ဆောက် ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များထံမှသိရှိရပါသည်။
DOCA(ပဲခူး)
