Main menu

အေအိုင်ခေတ်သစ်ကို ဖွင့်လှစ်တော့မည်ဟု တောင်ကိုရီးယားသမ္မတ ပြော

Powered by Drupal

     တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် သိသာ ထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အေအိုင်ခေတ်တစ်ခေတ်ကို ဖွင့်လှစ်တော့မည်ဟု နိုဝင်ဘာ ၄ ရက်က ကတိပြုပြောကြားခဲ့သည်။

    အမျိုးသားညီလာခံ ဘတ်ဂျက်မိန့်ခွန်းတွင် မိမိတို့အစိုးရသည် ၂၀၂၆ ဘတ်ဂျက်တွင်  ၇၂၈ ထရီလီယံ ဝမ် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်နှိုင်းယှဉ်လျှင်  ၈ ဒသမ ၁ ရာခိုင်နှုန်း တိုး လာမည်ဖြစ်ကြောင်း လီက ပြောသည်။ ကမ္ဘာ့ထိပ်တန်း အေအိုင်နိုင်ငံကြီး သုံးခု တွင်  တစ်နိုင်ငံဖြစ် စေရန်  အေအိုင်နည်းပညာသစ်တွင်  ရင်းနှီးမြှုပ်နှံမှုသည်  လာမည့်နှစ်တွင်  ဝမ် ၁၀ ဒသမ ၁ ထရီလီ ယံအထိ  တိုးမြှင့်ခွဲဝေချထားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅  ခုနှစ်နှင့်နှိုင်းယှဉ်လျှင်  သုံးဆ ကျော်ပိုများ ကြောင်း လီက ဆက်လက်ပြောကြားသည်။

    သမားရိုးကျလက်နက်စနစ်များကို အေအိုင်ခေတ်နှင့်သင့်တော်သည့် ခေတ်မီလက်နက်များ အဖြစ် ပြန်လည်ဖွဲ့စည်းရန်နှင့် AI နှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများ တည် ဆောက်ရန်နှင့် အရည်အချင်းများမွေးမြူရန် သမ္မတက ကတိပြုခဲ့သည်။ 

 

Source: ဆင်ဟွာ                                                               

 DOCA(ပြည်ထောင်စုနယ်မြေ)