
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(Whoosh) ခရီးသည် အရေအတွက်သည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကာ ၅ ဒသမ ၁ သန်းကျော် ရှိခဲ့ကြောင်း ၎င်း၏ အော်ပရေတာ PT Kereta Cepat Indonesia China (KCIC) က ပြောကြားခဲ့သည်။
ခရီးသည်အရေအတွက် မြင့်တက်လာခြင်းသည် ဂျကာတာနှင့် ဘန်ဒေါင်းအကြား မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ် Whoosh မြန်နှုန်းမြင့်ရထား အပေါ် လူထု၏ ယုံကြည်မှုတိုးပွားလာခြင်းကို ပြသလျက်ရှိသည်ဟု KCIC ၏ ကော်ပိုရိတ် အထွေထွေ အတွင်းရေးမှူး က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ခရီးသည် ၁၂ ဒသမ ၂ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံအကြား အထင်ကရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအနက် တစ်ခုအဖြစ် ၎င်း၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်။
နေ့စဉ် ခရီးစဉ် ၆၂ ကြိမ်အထိ တိုးမြှင့်ခြင်းနှင့် Karawang ဘူတာရုံ ဖွင့်လှစ်ခြင်းအပါအဝင် အချက်များစွာကြောင့် တိုးတက်မှုဖြစ်ပေါ်လာသည်ဟု Eva က ပြောကြားသည်။ ၎င်းသည် သွားလာရလွယ်ကူပြီး ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
Whoosh ဘူတာရုံအားလုံးတွင် အပြန်အလှန်ချိတ်ဆက်မှု တိုးတက်လာခြင်းကြောင့် ခရီးသွားလာမှု ပိုမိုအဆင်ပြေပြီး ထိရောက်မှုရှိကာ ဂျကာတာ၊ ကရာဝမ်နှင့် ဂရိတ်တာဘန်ဒေါင်းရှိ လေဆိပ်များ၊ မြို့လယ်ခေါင်များနှင့် ခရီးသွားနေရာများသို့ ခရီးသည်များကို ချိတ်ဆက်ပေး ထားသည်ဟု သိရသည်။
တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအထိ လည်ပတ်နိုင်သော မြန်နှုန်းမြင့်ရထားလမ်းသည် ဂျကာတာနှင့် ဘန်ဒေါင်းအကြား ခရီးသွားလာချိန်ကို သုံးနာရီခန့်မှ မိနစ် ၄၅ အထိ လျှော့ချပေး ခဲ့ကြောင်း ဖော်ပြထားသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
