
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်း ငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ဒေသထွက်ဖီးကြမ်းသီးနှင့်ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီးကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့မှဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ အလုံးအသေး(၁)ဖီးလျှင်(၂၅၀၀)ကျပ်၊ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၃၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငှက်ပျောသီး ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)
