
လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊ အင်းလေး ၊ ရွာငံ ၊ ဟဲဟိုး ၊ ဟိုပုန်းမြို့ များတွင် ဒေသထွက်သစ်သီးဝလံသီးများ ထွက်ရှိသော သစ်သီးဝလံများထဲမှ ဒေသ ထွက် ထော်ပတ်သီးများစတင်၍ဈေးကွက်အတွင်းရောင်းချလျက်ရှိသည်။
ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “ထောပတ်သီး” ဈေးကွက်မှာ ဒေသထွက်ကုန်ဖြစ်သည့်အလျှောက် စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူတစ်ဦးနှင့်တောင်ကြီးဒေသထွက်ထောပတ်သီး ဈေးကွက် အကြောင်းမေးမြန်းခဲ့ပါသည်။
ဒေသထောပတ်သီးမျာမှာ အရွယ်အစားကြီးကာ အမျှင်ဓာတ်များပိုမိုပါဝင်ပြီး သဘာဝ ဖြစ်သောကြောင့်ပို လတ်ဆတ်ကာအရသာလေး၍ပိုစားကောင်းသည် ဟုဒေသထွက်ထောပတ်သီး များရောင်းချသူတစ်ဦးမှရှင်းပြချက်အရသိရှိခဲ့ရပါသည်။ထို့ကြောင့်ဒေသထွက်ဖြစ်သောထောပတ်သီး များပိုမိုအရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုထောပတ်သီးများ ကို အကြီး ၁လုံး လျှင် ၆၀၀ ကျပ် မှ ၅၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၅၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၄၀၀ ကျပ်မှ ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၅၀ လုံးမှစ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လျှက်ရှိပြီး အချို့နေရာဒေသပေါ်မူတည်၍ သစ်သီးခြင်း(သို့မဟုတ်) ပီနံအိတ်များဖြင့်လည်း ရောင်းချလျက်ရှိကြောင်း ဒေသထွက် ထောပတ်သီး များ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။
DOCA(ရှမ်း)
