Main menu

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ၊ ပထမပတ် ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးများမှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲသီးနှံဈေးနှုန်းများမှာ ကျနေပါသည်။နိုဝင်ဘာလ၊ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၈၃၀၀၀)ကျပ်ဖြင့် ရန်ကုန်ဝယ်လက် တစ်ရက်ကို အိတ် (၂၅၀)ခန့်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို (၁၂၀၀၀၀ - ၁၂၀၅၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၄၀၀)ခန့်ရှိပါသည်။နိုဝင်ဘာ၊ ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၁၀၀၀၊ ၈၂၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၁၁၅၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ် ရှိပါသည်။   နိုဝင်ဘာ၊ ပထမပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၈၆၀၀၀၊ ၈၇၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိကာ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ်ရှိပါသည်။နိုဝင်ဘာ၊ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၂၃၀၀၀၀)ကျပ်ဖြင့်မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၁၅၂၂၀)ခန့် အရောင်းအဝယ်ရှိပါသည်။ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ သွက်လျှက်ရှိပါသည်။                                                                             

DOCA(ပဲခူး)