Main menu

“လားရှိုးမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်”

Powered by Drupal

   လားရှိုးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ မန်ဆူကျောင်းတိုက်၌ ဖွင့်လှစ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” သင်တန်းဆင်းပွဲ အား စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်မာလာမြင့်(ဒု-ဦးစီးမှူး) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းအား (၁.၁၁.၂၀၂၅ ရက်နေ့မှ ၅.၁၁.၂၀၂၅ ရက်နေ့ထိ) (၅)ရက်တိုင် ဖွင့်လှစ်ခဲ့ပြီး မျက်နှာသစ်ဆပ်ပြာ(ခဲ/အရည်)၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ(ခဲ/အရည်)၊ အဝတ်လျှော်ဆပ်ပြာအမွှေးဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ လက်သန့်ဆေး၊ ပရုတ်ဆီ၊ မှန်ကြည်ဆေးစသည့် လူသုံးကုန်ပစ္စည်း(၁၂)မျိုး ထုတ်လုပ်မှုကို သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းဆင်းပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မာလာမြင့်(ဒု-ဦးစီးမှူး) သည် တက်ရောက်လာသည့် သင်တန်းသူ (၅၀)ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များနှင့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)