
မလေးရှားနိုင်ငံ၏ စက်မှုထုတ်လုပ်မှုညွှန်းကိန်း (IPI) သည် ဒုတိယသုံးလပတ်တွင် ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၄.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါ သည်။
မလေးရှားနိုင်ငံ၏ စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ချက်အရ ယခုကဲ့သို့ သိသာထင်ရှား သည့် တိုးတက်မှုသည် ထုတ်လုပ်ရေး (၄ ရာခိုင်နှုန်း)၊ သတ္တုတူးဖော်ရေး (၁၀.၃ ရာခိုင်နှုန်း) နှင့် လျှပ်စစ် (၁.၉ ရာခိုင်နှုန်း) အပါအဝင် ကဏ္ဍအားလုံး၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
သုံးလပတ်အလိုက် နှိုင်းယှဉ်ကြည့်ပါက IPI သည် ၆.၆ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်၊ ၂၀၂၄ ခုနှစ်အလာတူကာလနှင့် နှိုင်းယှဉ်ပါက ပထမ ၉ လအတွင်း IPI သည် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
၎င်းသည် ကုန်ထုတ်လုပ်မှုညွှန်းကိန်း ၄ ရာခိုင်နှုန်း တိုးတက်မှုကြောင့် ဖြစ်ပါသည်။ သတ္တုတူး ဖော်ရေးညွှန်းကိန်းနှင့် လျှပ်စစ်ဓာတ်အားညွှန်းကိန်းတို့သည်လည်း အသီးသီး ၀.၂ ရာခိုင်နှုန်းနှင့် ၀.၁ ရာခိုင်နှုန်း အနည်းငယ် တိုးတက်ခဲ့ပါသည်။ စက်တင်ဘာလအထိ IPI သည် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
