
အိန္ဒိယနိုင်ငံနှင့်သြစတြေးနိုင်ငံတို့သည် အမေရိကန်သမ္မတ Donald Trump ၏ အခွန်ကန့် သတ်မှုကြောင့် တင်ပို့မှုများခက်ခဲခြင်းများကို ပြန်လည်မှုအရှိန်မြှင့်တင်ရန်အတွက် ကုန်သွယ်ရေး မြှင့်တင်ရေးနှင့်စီးပွားရေးချိတ်ဆက်မှုများအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံစီးပွားရေးရာဝန်ကြီး Piyush Goyal သည် သြစတြေးနိုင်ငံ၏ ကုန်သွယ်ရေးရာဝန်ကြီး Don Farrelll နှင့် Melbourneတွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် တွေ့ဆုံမှုအပြီးတွင်ထုတ်ပြန်လိုက် သော အိန္ဒိယနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံလုံးသည် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုသဘောတူညီချက်ကို အလျင်အမြန်အချောသတ်ရန်ဆန္ဒများရှိနေကြောင်း ပြန်လည် အတည်ပြုခဲ့ပါသည်။ သြစတြေးလျနိုင်ငံသည် လွတ်သောကုန်သွယ်ရေး သဘောတူညီ ချက် တစ်စိတ်တစ်ပိုင်းကိုချဲ့ထွင်ရန်အတွက် အဆိုပါနှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးသဘော တူညီ ချက်ကို ၂၀၂၃ ခုနှစ်အဆုံးတွင် အဆုံးသတ်နိုင်ရန်မျှော်မှန်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ နှစ်နိုင်ငံကြားကုန်သွယ်မှုစုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန့်ရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်သမ္မတ Donald Trump သည် New Delhi အား ရှရှားနိုင်ငံမှ လောင်စာဆီ များဝယ်ယူမှုကို ဖိအားပေးရန်အတွက် အိန္ဒိယနိုင်ငံအား အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့ပါသည်။ Goyal သည် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် Auckland သို့လည်ပတ်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များအဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
