Main menu

လွတ်သောကုန်သွယ်ရေးသဘောတူညီမှုကို အသုံးချခြင်းကြောင့် ထိုင်းနိုင်ငံ၏တင်ပို့မှုများ အမေရိကန်ဒေါ်လာ ၆၀.၂၅ ဘီလီယံခန့်ရောက်ရှိခဲ့

Powered by Drupal

   ထိုင်းနိုင်ငံတင်ပို့မှုကဏ္ဍသည် လွတ်လပ်သောသဘောတူညီချက် (FTAs) ကို အသုံးချခြင်း အကျိုးဆက်ကြောင့် ယခုနှစ် ၈ လအတွင်းတွင်မြင့်တက်မှုများရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT)၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် FTA၏ အကျိုးဆက်ကြောင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၂၄၅.၉၃ သန်းခန့် ရောက်ရှိခဲ့ကြောင်းသိရပါသည်။ DFT က အဆိုပါစွမ်းဆောင်ရည်သည် ကမ္ဘာ့စျေးကွက်မတည်ငြိမ်မှုများဖြစ်နေစဥ်တွင် အကောက်ခွန် လျော့ချခြင်းခံစားခွင့်များအတွက် ထိုင်းနိုင်ငံစီးပွားရေးသမားများ၏ လုပ်နိုင်စွမ်းကို ထောက်ပြနေ ကြောင်းသိရပါသည်။ ကုန်သွယ်ရေးလေ့လာသူများ၏ သတင်းအချက်အလက်များအရ အရှေ့တောင်အာရှနိုင်ငံများသို့ ထိုင်းနိုင်ငံသည် တင်ပို့ရန် အမေရိကန်ဒေါ်လာ ၂၁၁၁၇.၅၉ သန်း ခန့်တန်ကြေးရှိသော တင်ပို့မှုများရှိနေကြောင်းသိရပါသည်။ လွတ်သောကုန်သွယ်ရေးသဘော တူညီချက်များ (FTAs) ကြောင့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုများမြင့်တက် လျက်ရှိပြီး အိန္ဒိယနိုင်ငံသို့ လက်ဝတ်လက်စားတင်ပို့မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရပါ သည်။ ထိုင်းနိုင်ငံအစိုးရသည် ကုန်သွယ်ရေးအကျိုးအမြတ်များ တိုးချဲ့ရန်အတွက်ဦးစားပေးလုပ် ဆောင်နေပြီး ဥရောပနှင့် တောင်ကိုရီးယားနိုင်ငံများနှင့် FTA ရရှိရန်အတွက် စီမံနေကြောင်း သိရပါသည်။ အဆိုပါချဲ့ထွင်ခြင်းကို အထောက်အပံ့ဖြစ်စေရန်အတွက် DFT သည် စီးပွားရေး လုပ်ငန်းရှင် ၁၂၀၀ ဦးအတွက် သင်တန်းပရိုဂရမ်များစီစဥ်နေကြောင်း သိရပါသည်။ ကနဦးလုပ် ဆောင်ချက်များသည် ပြည်တွင်းစီးပွားရေးကို ကောင်းမွန်စွာသိရှိနားလည်စေရန်နှင့် ကုန်သွယ်ရေး အကျိုးအမြတ်များခံစားနိုင်စေရန်ဖြစ်ပြီး ထိုင်းနိုင်ငံစီးပွားရေးရေရှည်တည်တံ့ ရေးနှင့် ဖွံ့ဖြိုးရေး အတွက် အားကောင်းလာစေရန်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)