Main menu

မြိတ်မြို့သို့ရောက်ရှိလာသော ဆန်လှေအားကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များအား ရန်ကုန်နှင့် ဧရာဝတီ တိုင်းတို့မှ ဝယ်ယူလျက်ရှိပြီး မြိတ်ခရိုင်ဆန်ကုန်သည်များမှ (၃၀.၁၀.၂၀၂၅)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဝယ်ယူလာသော ဆန်တန် (၁၄၀)၊ အိတ်ရေ (၂၈၀၀)တို့သည် MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့‌ရောက်ရှိလာသော ဆန်လှေကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ၊ ခရိုင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ထမ်းဦး ဦးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)