
ဗီလက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လက်ဖက်ရည်တန်ချိန် ၁၀၉၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၈.၂ သန်း ရရှိခဲ့ကြောင်း ဒေသခံသတင်းစာ Hanoi Moi က စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ကိုကား၍ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
၎င်းသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၁.၂ ရာခိုင်နှုူန်း ကျဆင်းခဲ့ပါသည်။ ပျှမ်းမျှတင်ပို့မှု ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၂၃.၄ သို့ အနည်းငယ် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး လက်ဖက်ခြောက်တင်ပို့သူအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၄၁.၂ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
