
တောင်ငူမြို့၏ ပတ်ဝန်းကျင်ရှိ တရုတ်စောင်းလျား စောင်းလျားသီးဆို အရမ်းချဉ်ပြီး သကြားနှင့်စိမ့်ပြီးသောက်မှ ကောင်းသည့် ပုပ္ပါးတို့အညာဒေသဘက်မှ ပြန်လာရင် ဖန်ပုလင်းနှင့် ထည့်ထားသည့်အသီးကိုသာ မျက်စိထဲပြေးမြင်မိမှာပါ ယခုအသီးလေးကတော့ တရုတ် စောင်းလျား သီးဟု အများကခေါ်ကြသည့် အသီးတစ်မျိုးဖြစ်ပါသည်။
တရုတ်စောင်းလျားသီးမှာ အပင်၏ပင်စည်မှစပြီး ပင်စည်နှင့် အကိုင်းများ အားလုံးနီးပါးရှိ အညှာလေးများမှ တပင်လုံးလှိုင်နေအောင်သီးသည့်အသီးတစ်မျိုးဖြစ်ပါသည်။ အသီးကို ခေါင်းပိုင်း နှင့် ဖင်ပိုင်းကို ဓါးနှင့်ဖြတ်ပြီး လေးခြမ်းခြမ်းကာ မာလာကာသီး ၊ သရက်သီးများလို့ သုတ်စားလို့ ရသလို့ အသီးကို ပါးပါးလှီး အရည်ညစ်ပြီး ပုစွန်ခြောက် ၊ စိမ်းစားငါးပိ ၊ ရေကျိုငါးပိ၊ အချဉ်ကြောက်ပါက မြေပဲဆံ များနှင့် ကြော်စားခြင်း ၊ထောင်းပါက မရမ်းသီး၊ သရက်သီးများလို့ စားလို့ကောင်းကြောင်းနှင့် အသီးမှာ ရာသီအလိုက် အသီးသီးကြောင်း၊ တစ်နှစ်ပတ်လုံး အပင်မှ ပန်းပွင့်ပွင့် ပြီး အသီးများ သီးကြောင်း အခြားသစ်သီးများလို့ တစ်နှစ်တွင်တစ်ခါသာသီးခြင်းမဟုတ်ပဲ အမြဲ အပင်မှာ ပန်းပြအပွင့် ပွင့် ပြီးတိုင်း အသီးများသီးကြောင်း အသီးများမှာ အခြားအပင်များလို့ အများကြီး မရှိသည့်အတွက် ယခုအပင်ရှိသည့် ခြံပိုင်ရှင်မှ အသီးများကို ပါဆယ်အိတ် ၅၉ အိတ်တစ်လုံးကို ၅၀၀ ကျပ်ဖြင့်သာ မီးဖိုစရိတ်ကာမိအောင်ရောင်းချပြီး အသီးများကို အိမ်အနီး ပတ်ဝန်းကျင်မှ ဝယ်ယူအားပေးသဖြင့် ဈေးကွက်အတွင်းသို့ မရောက်ကြောင်း နှင့် အပင်များများ ပျိုးစိုက်ပြီး အသီးများ များများရအောင် ပျိုးထားပြီးဖြစ်ကြောင်း တောင်ငူမြို့ ၁၇ ရပ်ကွက် ခြံပိုင်ရှင် ထံမှ သတင်းရရှိပါသည်။
