
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် နတ်တလင်း မြို့နယ်ကြား ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဆောက်လုပ်ကာ ဒေသထွက်ပြောင်းဖူးများနှင့် အခြားသီးနှံများ၊ ပဲလှော်၊ ပဲကြော်၊ မုန့်ပဲသရေစာများ ကို ၁၂ ရာသီ ရောင်းချလျက်ရှိရာနေ့စဉ်ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။
ပေါင်းတည်မြို့နယ်တွင် ဖူးစားပြောင်းကို သုံးသီးစား စိုက်ပျိုးကြောင်း ယခု မိုးပြောင်းကို ဧကသုံးထောင်းကျော်စိုက်ပျိုးကြောင်း၊ သန့်ရှင်းလက်ဆက်၍ ဈေးနှုန်းချိုသာသော ဒေသထွက်ပြောင်းဖူးများနှင့်အခြားရာသီပေါ်သီးနှံများနှင့်မုန့်ပဲသရေစာများကိုခရီးသွားပြည်သူများကခရီးတစ်ထောက် နားရင်း ဝယ်ယူစားသုံးကြဖြင့် ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိရာ ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိစေပါသည်။
အဆိုပါဈေးတန်းတွင် ၂၀၂၅ခု အောက်တိုဘာလ တတိပတ်တွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူး(၇၀၀-၈၀၀)ကျပ်၊ ပြောင်ဖူးစေ့ကြော် နို့ဆီဗူးတစ်ဗူး (၈၀၀)ကျပ် (၁၀)ပြည် တစ်ပြည် (၇၀၀၀)ကျပ်၊ ပြောင်းဖူးစေ့လှော် နို့ဆီဗူးတစ်လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ခရီးသွားပြည်သူများက ကိုယ်တိုင်စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြကြောင်းသိရသည်။
DOCA (ပဲခူး)
