Main menu

သာယာဝတီခရိုင်တွင်ဆန်စပါးသိုလှောင်ရုံ များအား ကုန်ရ/ကုန်ထုတ်စာရင်းများ ဖြည့်သွင်းနိုင်ရေးကူညီဆောင်ရွက်ပေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဆန်စပါးလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်း ရှင်များအားလစဉ် ကုန်ရ၊ကုန်ထုတ်၊ လက်ကျန်စာရင်းများ ထည့်သွင်းခြင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိရာ (၅.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင်စားသုံးသူ ရေးရာဦးစီးဌာန၊သာယာဝတီခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး၊ သတင်းနည်းဌာနခွဲတာဝန်ခံ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများတို့က သာယာဝတီမြို့နယ် အလယ်ကုန်းဂိုဒေါင် ဧည့်ရိပ်သာဆောင် တွင်  သာယာဝတီမြို့နယ်ရှိ MyRoမှတ်ပုံတင်ထားသောလုပ်ငန်းရှင် များနှင့်တွေ့ဆုံပြီး အသိပညာ ပေးခြင်း၊ ဆွေးနွေးဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

          သာယာဝတီခရိုင် ဦးစီးမှူးရုံးတွင်လည်း ၁.၁၁.၂၀၂၅ ရက်နေ့မှ ၁၀.၁၁.၂၀၂၅ ရက်နေ့ထိ  ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များ ဖြည့်သွင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိရာ  Myro တွင်မှတ်ပုံတင်ထားသူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်လျှက်ရှိပါသည်။သာယာဝတီခရိုင် အနေဖြင့်အောက်တိုဘာလကုန်ထိ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု အခြေအနေမှာ၊ ဆန်ဆိုင်များ၊ ဆန် စပါးသိုလှောင်ရုံစုစုပေါင်း (၂၅၁)ရှိနေပြီး၊ ကျန်ရှိနေသော သိုလှောင်ရုံများကိုလည်း ဆက်လက်၍မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ Myro  သက်တမ်းတစ်နှစ်ပြည့်သူများ  သက်တမ်းတိုးနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

DOCA(ပဲခူး)