
မြင်းခြံခရိုင်အနေဖြင့် မိုးမြေပဲများရိတ်သိမ်းကြပြီဖြစ်ရာ မြင်းခြံဈေးကွက်အတွင်းသို့ တောင်သာ နယ် ဇဂျမ်း ၊ မြို့ဘရွာများမှလည်းကောင်း မကွေးတိုင်း၊ ရေစကြိုနယ် ကျောက်ဖူး၊ ကျွဲကုန်း ရွာများမှ လည်းကောင်း ၊ မြင်းခြံမြို့နယ်တွင်း ထနောင်းကုန်း၊ ထနောင်းတိုင်ကျေးရွာများမှလည်းကောင်း ထွက်ရှိသော မိုးမြေပဲများ ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် မြေပဲတောင့်အိတ် ၂၅၀ နှင့် ၃၀၀ အကြားအဝင်ရှိပြီး တစ်အိတ်လျှင် ၂၅ ပိဿာနှင့် ၃၀ ပိဿာ ရှိကြောင်း ၊ ဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို အခြောက် ၊ ပဲကြောတင်းမတင်းပေါ်မူတည်၍ တစ်ပိဿာ ၄၁၀၀/-ကျပ်မှ ၄၆၀၀/- ကျပ်ဈေးထိရှိပြီး မြို့ပေါ်ပဲခွဲစက်သမားများနှင့်ဆီစက်လုပ်ငန်း ရှင်များအဝယ်ရှိကြောင်း မြင်းခြံကုန်စည်ဒိုင် အသင်းဝင်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။
DOCA (မန္တလေး)
