
မြင်းခြံခရိုင်တွင် မြေပဲစိုက်ပျိုးဧက မိုး / ဆောင်း ၁၇၀၂၁၅ ဧက ရှိပြီး မြို့နယ်အလိုက်အနေဖြင့် မိုးစိုက်မိုးမြေပဲ မြင်းခြံမြို့နယ်တွင် ၂၆၆၉၁ ဧက ၊ တောင်သာ မြို့နယ်တွင်၁၀၉၈၈၄ ဧက ၊ နွားထိုး ကြီးမြို့နယ်တွင် ၃၃၆၄၀ ဧက နှင့် ဆောင်းစိုက် ဆောင်းမြေပဲ မြင်းခြံမြို့နယ်တွင် ၃၄၂၄ ဧက စိုက်ပျိုး ထားကြောင်း သက်ဆိုင်ရာကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။မြင်းခြံဈေးကွက်အတွင်းသို့လည်း သုံးလပဲဆံ ၊ခြောက်လပဲဆံများ ဈေးကွက်အတွင်း စတင်ရောင်းဝယ်နေကြပြီဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် သုံးလပဲလေးဆံ ဆီဆံတစ်ပိဿာ ၇၅၀၀- ၇၆၀၀ ကျပ် ၊ လုံးဆံတစ်ပိဿာ ၈၀၀၀ - ၈၂၀၀ ကျပ်၊ တစ်ပေါက်ကျဆံ ၇၇၀၀ - ၇၈၀၀ ကျပ်ဈေးရှိပါကြောင်း၊ ခြောက်လပဲကြီးဆံ တစ်ပိဿာ ၇၉၀၀-၈၀၀၀ ကျပ်၊ တစ်ရက်လျှင် အိတ် ၇၀-၈၀၊ ပိဿာချိန်အားဖြင့် ၂၀၀၀ ခန့်အဝင်ရှိပြီး မြို့ပေါ် ဆီစက်သမားအဝယ်ရှိကြောင်းသိရပြီး ယခင်နှစ်ဈေးနှင့်စာလျှင် ပေါ်စလက်ရှိဈေးသည် ဈေးရရှိပြီး ပဲဆံလှိုင်လှိုင်ဝင်လာပါက ဈေးနှုန်းကျဆင်းဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
DOCA (မန္တလေး)
