
(၆.၁၁.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့ အတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်ယုံးမဆိုင်သို့ သွားရောက်၍ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)
